ကာလရှည် COVID က ဘာလဲ။
COVID-19 ကူးစက်ခံထားရသူများသည် “ကာလရှည် COVID” သို့မဟုတ် “COVID ဖြစ်ပြီးနောက် ရောဂါလက္ခဏာစု” ဟုခေါ်သည့် ကူးစက်မှုဖြစ်ပြီးနောက် ရောဂါလက္ခဏာများနှင့် ကာလရှည် သက်ရောက်မှုများ ဆက်လက်၍ ရှိနိုင်ပါသည်။ ကာလရှည် COVID အကြောင်း အတော်များများကို မသိရသေးပါ။ ကာလရှည် COVID နှင့်ပတ်သက်ပြီး သုတေသန လုပ်ဆောင်နေရင်း ပိုမိုလေ့လာသိရှိရပါမည်။
ကာလရှည် COVID ၏ ရောဂါလက္ခဏာများ
ကာလရှည် COVID ရှိသူများတွင် ကူးစက်ပြီးနောက် ရက်သတ္တပတ်များစွာ၊ လများစွာ သို့မဟုတ် နှစ်များစွာအထိ ကြာရှည်နိုင်သည့် ရောဂါလက္ခဏာအမျိုးမျိုး ရှိနိုင်ပါသည်။
ရောဂါလက္ခဏာများတွင် အောက်ပါတို့သာမကဘဲ အခြားပုံစံများ ပါဝင်နိုင်သည်-
- စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အားစိုက်ပြီးနောက် ပင်ပန်းနေခြင်း
- ဖျားခြင်း
- အသက်ရှူရခက်ခဲခြင်း
- ချောင်းဆိုးခြင်း
- ရင်ဘတ်အောင့်ခြင်း
- အနံ့ နှင့်/သို့မဟုတ် အရသာ ပြောင်းလဲခြင်း
- တွေးတောခြင်း သို့မဟုတ် အာရုံစိုက်ရာတွင် ခက်ခဲခြင်း သို့မဟုတ် “ဦးနှောက် ဝေဝါးခြင်း”
- ခေါင်းကိုက်ခြင်း
- ဗိုက်နာခြင်း
- ဓမ္မတာစက်ဝန်းအပြောင်းအလဲများ ဖြစ်ပေါ်ခြင်း
ဘယ်သူတွေက ကာလရှည် COVID ဖြစ်နိုင်ပါသလဲ။
COVID-19 ကူးစက်ဖူးသူတိုင်းတွင် ကာလရှည် COVID ဖြစ်ပေါ်နိုင်ပါသည်။ ပြင်းထန်သော COVID-19 ရောဂါလက္ခဏာများရှိသူများ အထူးသဖြင့် ဆေးရုံတက်ရန်လိုအပ်ခဲ့သူများတွင် ပိုအတွေ့များပါသည်။ COVID-19 ကူးစက်မှုအတွင်း သို့မဟုတ် ဖြစ်ပြီးနောက် စနစ်မျိုးစုံ ရောင်ရမ်းသော ရောဂါလက္ခဏာစု ကြုံတွေ့ရသူများသည် ကာလရှည် COVID အတွက် ပိုမိုများပြားသော အန္တရာယ် ရှိနိုင်ပါသည်။ အမျိုးသမီးများ၊ အသက်ကြီးသူများ၊ ရောဂါဝေဒနာအခံရှိသူများနှင့် ကာကွယ်ဆေးမထိုးသူများတွင် ကာလရှည် COVID ဖြစ်ပေါ်နိုင်ခြေပိုများပါသည်။ COVID-19 အကြိမ်ရေများစွာ ဖြစ်ပွားသူများတွင်လည်း ကာလရှည် COVID အပါအဝင် ပိုများပြားသော ကျန်းမာရေး အန္တရာယ်များ ရှိနိုင်ပါသည်။
ကာလရှည် COVID ကို ကြိုတင်ကာကွယ်ခြင်း
COVID-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် ကာလရှည် COVID ကို တားဆီးရန အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ လက်ဆေးခြင်း၊ လူကြားထဲတွင် နှာခေါင်းစည်းများတပ်ခြင်း၊ ဖျားနေချိန် အိမ်တွင်နေခြင်းနှင့် အကြံပြုထားသည့် ကာကွယ်ဆေးများနှင့် အားဖြည့်ကာကွယ်ဆေးများ ထိုးခြင်ဖြင့် သင့်ကိုယ်သင်နှင့် အခြားလူများကို COVID-19 မှ ကာကွယ်ပါ။
COVID-19 ဖြစ်နေဆဲဖြစ်သော ကာကွယ်ဆေးထိုးပြီးသူများသည် ကာကွယ်ဆေးထိုးမထားသူများထက် ကာလရှည် COVID ဖြစ်လာနိုင်ခြေပိုနည်းပါးသည်။
COVID-19 အတွက် ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ
ကာလရှည် COVID ရှာဖွေစစ်ဆေးခြင်း
ကာလရှည် COVID ကို ရှာဖွေစစ်ဆေးရန်မှာ ခက်ခဲနိုင်ပါသည်။ ရောဂါလက္ခဏာများသည် လူနာများအတွက် ရှင်းပြရန် ခက်ခဲနိုင်သည်။ ရောဂါစစ်တမ်း ပြုလုပ်ရန် လက်တွေစမ်းသပ်မှု သို့မဟုတ် ပုံရိပ်ဖော်လေ့လာမှု မရှိပါ။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများသည် လူနာတွင် ကာလရှည် COVID ဖြစ်လျှင်ပင် ပုံမှန်ရလဒ်များ ပြသနိုင်သည်။
ကာလရှည် COVID ရောဂါလက္ခဏာများ သတင်းပို့သူအချို့သည် COVID-19 ရောဂါလက္ခဏာများ မရှိခဲ့သည့်အပြင် ကနဦး ဖျားနာနေချိန်တွင် COVID-19 အတွက် စစ်ဆေးမှု မခံယူခဲ့ကြပါ။ ထိုသို့ဖြစ်ပါ၍ ၎င်းတွင် COVID-19 ရှိခဲ့ကြောင်း အတည်ပြုရန်နှင့် ကာလရှည် COVID ကို တားဆီးရန် သို့မဟုတ် ရောဂါစစ်တမ်းကို ကြန့်ကြာစေရန် ခက်ခဲပါသည်။ သင်၏ ကာလရှည် COVID ရောဂါစစ်တမ်းနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ကူညီပေးရန်အလို့ငှာ သင်ဖျားနာသလိုခံစားရသည့်အခါ COVID-19 အတွက် စစ်ဆေးမှုခံယူရန်မှ အရေးကြီးပါသည်။
လူနာ အကြံပြုချက်များ- COVID ဖြစ်ပြီးနောက် ကျန်းမာရေးအခြေအနေများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ရက်ချိန်းများ (အင်္ဂလိပ်ဘာသာဖြင့်)
အသစ်နှင့် ရှိရင်းစွဲ ကျန်းမာရေးအခြေအနေများ
COVID-19 ကူးစက်မှုသည် ကိုယ်တွင်းအင်္ဂါစနစ်များစွာကို ထိခိုက်နိုင်ပြီး တစ်ခါတစ်ရံတွင် ကာလရှည် COVID တွင် အရေးပါသော ကဏ္ဍက ပါဝင်နိုင်သည့် ကိုယ်ခံအားစံလွဲရောဂါများ စတင်ဖြစ်ပွားစေနိုင်ပါသည်။ သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်၏ ထိခိုက်သွားသောအပိုင်းများတွင် ရောင်ရမ်းခြင်း သို့မဟုတ် အသားစ ပျက်စီးခြင်း ဖြစ်စေသည့်အခါ ကိုယ်ခံအားစံလွဲရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။ COVID-19 ရောဂါရှိသူများသည် ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါများကဲ့သို့ ကျန်းမာရေးဆိုင်ရာ ပြဿနာအသစ်များ ဖြစ်ပေါ်နိုင်ခြေပိုများသည်ဟု ဆိုလိုပါသည်။ ဆီးချိုနှင့် နှလုံးရောဂါကဲ့သို့ ရှိရင်းစွဲ ကျန်းမာရေးအခြေအနေများသည်လည်း COVID-19 ကူးစက်ပြီးနောက် ပိုဆိုးရွားလာနိုင်ပါသည်။
ကာလရှည် COVID နှင့် မသန်စွမ်းမှု အခွင့်အရေးများ
ကာလရှည် COVID သည် ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ အဟန့်အတားများ ဖြစ်စေနိုင်၍ ၎င်းကို Americans with Disabilities Act (ADA, အမေရိကန် မသန်စွမ်းသူများ အက်ဥပဒေ) အရ မသန်စွမ်းမှုဟု မှတ်ယူထားသည်။ ကာလရှည် COVID ရှိသူများအား မသန်စွမ်း ခွဲခြားဆက်ဆံမှုမှ ဥပဒေအရ ကာကွယ်ပေးထားသည်။ ၎င်းတို့သည် ကာလရှည် COVID ဆိုင်ရာ ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစားရန် လုပ်ငန်းများ၊ ပြည်နယ်နှင့် ဒေသန္တရ အစိုးရများထံမှ ကျိုးကြောင်းသင့်သော ပြင်ဆင်ချက်များကို ခံစားပိုင်ခွင့်ရှိနိုင်ပါသည်။
ADA အရ မစွမ်းသူအဖြစ် “ကာလရှည် COVID” ဆိုင်ရာ လမ်းညွှန်ချက် (အင်္ဂလိပ်ဘာသာဖြင့်)
ကာလရှည် COVID နှင့် ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်သည် သို့မဟုတ် လတ်တလော ကိုယ်ဝန်ရှိသူများသည် COVID-19 ကြောင့် ပို၍ပြင်းထန်သော ဖျားနာမှု ဖြစ်နိုင်ခြေပိုများပါသည်။ COVID-19 သည် ကိုယ်ဝန်ဆောင်ခြင်းနှင့် ဖွံ့ဖြိုးဆဲကလေးငယ်ကို ထိခိုက်စေသည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။
ကာလရှည် COVID က ကိုယ်ဝန်ဆောင်ခြင်းကို မည်မျှကြာ သက်ရောက်နိုင်သည်နှင့် ပတ်သက်ပြီး အတော်များများကို မသိရသေးပါ။ National Institutes of Health (NIH, အမျိုးသား ကျန်းမာရေး အသင်းအဖွဲ့) (အင်္ဂလိပ်ဘာသာဖြင့်) သည် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားစဉ် COVID-19 ဖြစ်ခဲ့သည့် အမျိုးသမီးများတွင် COVID-19 ၏ ကာလရှည် သက်ရောက်မှုများနှင့်ပတ်သက်ပြီး 4 နှစ်ကြာ လေ့လာမှု ပြုလုပ်သွားပါမည်။
ကာလရှည် COVID နှင့် လူငယ်
လူငယ်များသည် ကာလရှည် COVID ကြောင့် ဖျားနာနိုင်သည်။ ပင်ပန်းနွမ်းလျခြင်းနှင့် အာရုံစိုက်ရခက်ခြင်းကဲ့သို့ ကာလရှည် COVID ရောဂါလက္ခဏာများ ကြုံတွေ့နေရသည့် လူငယ်များသည် ကျောင်းနှင့် အခြား လှုပ်ရှားမှုများတွင် ပါဝင်ရန် ရုန်းကန်ရပါသည်။ ကလေးငယ်များတွင်လည်း ၎င်းတို့၏ ရောဂါလက္ခဏာများအကြောင်း အသိပေးပြောဆိုရာတွင် အခက်အခဲ ရှိနိုင်ပါသည်။
ကာလရှည် COVID ရှိသည့် ကလေးများသည် 2 ဗဟိုအစိုးရဥပဒေများ (အင်္ဂလိပ်ဘာသာဖြင့်) အရ အထူးပညာရေး၊ ကာကွယ်မှုများ သို့မဟုတ် ဆက်စပ် ဝန်ဆောင်မှုများအတွက် သတ်မှတ်ချက်မီနိုင်ပါသည်။
လူငယ်များကို COVID-19 ကာကွယ်ဆေးထိုးပေးခြင်းသည် လူငယ်များတွင် ကာလရှည် COVID မှ ကြိုတင်ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
လူငယ်များကို ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်ပြီး ပိုမိုလေ့လာပါ။
ဆရာဝန်များအတွက် သတင်းအချက်အလက်
- နေပြန်ကောင်းလာခြင်း- ပြန်လည်ကောင်းမွန်လာရေးကို အရှိန်မြှင့်ရန် COVID သုတေသနလုပ်ခြင်း (အင်္ဂလိပ်ဘာသာဖြင့်)- ကာလရှည် COVID သုတေသနလုပ်ဆောင်နိုင်စေရန် National Institutes of Health (NIH) က ဖန်တီးရေးသားခဲ့သည်။
- COVID ဖြစ်ပြီးနောက် အခြေအနေများ- ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးသူများအတွက် သတင်းအချက်အလက်များ (အင်္ဂလိပ်ဘာသာဖြင့်)- Centers for Disease Control and Prevention (CDC, ရောဂါထိန်းချူပ်ရေး နှင့် ကာကွယ်ရေးစင်တာများ) က ဖန်တီးထားသည့် ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးသူများအတွက် ခြုံငုံသုံးသပ်မှု။
- COVID ဖြစ်ပြီးနောက် အခြေအနေများ- CDC သိပ္ပံပညာရပ် (အင်္ဂလိပ်ဘာသာဖြင့်) ကာလရှည် COVID ၏ သိပ္ပံပညာရပ် အကျဉ်းချုပ်နှင့် COVID ဖြစ်ပြီးနောက် ရောဂါဝေဒနာများဆိုင်ရာ လက်တွေ့ဝဘ်ဆွေးနွေးပွဲများအတွက် လင့်ခ်များ